Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
Sisters of St. Francis Xavier SFX

#စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်ဂိုဏ်း၏ရာဇဝင်အကျင်းချုပ်
#အသင်းဂိုဏ်းစတင်တည်ထောင်ခြင်း။

စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်ဂိုဏ်းသည် မြန်မာပြည်၌ ပထမဦးဆုံး တည်ထောင်သောတိုင်းရင်းသူ ဆရာတော်လက်အောက်ခံ ဂိုဏ်းဖြစ်သည်။ မြန်မာပြည် ဆရာတော်ပိုင်သာသနာ (၁၆) ခုအနက် သာသနာ (၁၂) ခုတွင် အမှုတော်ထန်းဆောင်လျှက်ရှိပါသည်။ လက်ရှိဂိုဏ်းဥက္ကဌသည် မာသာရ်မာရီးယားကျင်ဌေးဖြစ်ပြီး အသင်းဂိုဏ်းအတွင်း ရာသက်ပန်သစ္စာပြုပြီးသီလရှင်ပေါင်း(၃၇၉) ၊ ယာရီသစ္စာပြုပြီးသီလရှင်ပေါင်း (၁) ပါး စုစုပေါင်း (၄၀၁) ပါးရှိပါသည်။ သီလရှင်ကျောင်းခွဲပေါင်း (၁၀၈) ရှိပါသည်။
ဂိုဏ်းကိုတည်ထောင်သော ဆရာတော်ကြီးအလက်ဇန္ဒားကာဒိုးသည် ဇန္နဝါရီလ- ၁၀ ၁၈၅၇ခုနှစ်တွင် မွေးဖွားပြီး အသက် (၁၈) နှစ်တွင်ရဟန်းဖြစ်သင်ကျောင်းသို့ဝင်ကာ (၁၈၇၉) ခုနှစ် အသက်(၂၂) တွင် MEP ပြင်သစ်ပြည်ရပ်ဝေးသာသနာပြုဂိုဏ်း၌ ရဟန်းသိက္ခာခံယူခဲ့ပါသည်။ ရဟန်းသိက္ခာခံယူပြီး (၃) လကြာ (၁၈၇၉) ခုနှစ်တွင် မြန်မာပြည်သို့စေလွှတ်ခြင်းခံရပါသည်။
(၁၈၈၂) နှစ်တွင်မော်လမြိုင်ကျောင်းထိုင် Fr. Gardon ၏နေရာတွင် (St. Patrick’s) သာသနာ၌ ကျောင်းထိုင်ရဟန်းအဖြစ် ခန့်အပ်ခြင်းခံရသည်။  ( ၁၈၉၄)  ခုနှစ်တွင် မြန်မာပြည်တောင်ပိုင်း၏ ဆရာတော်ဖြစ် ရွေးချယ်ခံခဲ့ရသည်။ မြန်မာပြည်တောင်ပိုင်း ဆရာတော်၏ သာသနာနယ်တွင် ပညာပေးကာ လူ့ဘဝမြင့်တင်ပေးရန် အထူးလိုအပ်နေကြောင်းသိရှိခဲ့ပါသည်။  ဒေသခံတိုင်းရင်းသားများကို ပညာပေးရန် ဒေသခံဘာသာစကားပြောဆိုနိုင်သော သီလရှင်အသင်းဂိုဏ်းတည်ထောင်ရန် အထူးအရေးကြီး လိုအပ်နေကြောင်းကို ဆရာတော်သတိမူမိပါသည်။
ထိုအချိန်၌ နိုင်ငံခြားသာသနာပြုများအတွက် ဘာသာစကားအခက်အခဲရှိသည့်နည်းတူ ခက်ခဲဝေးလံသောဒေသသို့သွားလာရန် အခက်အခဲလည်းရှိပါသည်။ ထို့ကြောင့်ဆရာတော်ကြီးသည် စိန့်ဂျိုးဇက်သီလရှင်များ၏ အကူအညီကိုယူပြီး စိန့်ဖရန်စစ်ဇေးဗီးယား သီလရှင်အသင်းဂိုဏ်းကို (၁၈၉၇) နှစ်သြဂုတ်လ (၂၆) ရက်နေ့တွင် တရားဝင်တည်ထောင်ခဲ့ပါသည်။ သီလရှင်ဂိုဏ်းကို သာသနာပြုများ၏ဖခင်ကြီး စိန့်ဖရန်စစ်ဇေးဗီးယား၏ အမည်ကိုပေးကာ သူ၏အလိုတော်အတိုင်း ဖြည့်စွတ်ရန်နှင့် သူ၏မှိုင်းမမှုကိုလည်းခံယူရန် ဤအမည်ကိုပေးခဲ့ပါသည်။
(၁၉၀၂) နှစ်ဖေဖေါ်ဝါရီလ(၁၆) ရက်နေ့တွင် စစ္စတာရ် အန်ဂျေလားနှင့် စစ္စတာရ်စီစီးလျားတို့သည် ပထမသစ္စာကိုခံယူကာ စိန့်ဖရန်စစ်ဇေးဗီးယား သီလရှင်ဂိုဏ်း၏ ပထမဦးဆုံးသီလရှင်များဖြစ်ခဲ့ကြပါသည်။ သီလရှင်ဂိုဏ်းသည်လည်း စိန့်ဂျိုးဇက် ဂိုဏ်းဝင်မာသာရ်များ၏ ဦးဆောင်လမ်းညွှန်မှု၌ တိုးတက်ရှင်သန်လာခဲ့ပါသည်။  
အသင်းဂိုဏ်းကိုဦးဆောင်ခဲ့ သောမာသာရ်ကြီးများမှာ မာသာရ် မာရီးယား၊ မာသာရ် ဂွန်းစကား၊ မာသာရ် လေအိုနီမာရီ၊ မာသာရ် မေရီဂျိုးဇက်၊ မာသာရ် မာဂရိတာ၊ မာသာရ် သီအိုဖီန်း၊ မာသာရ်ဟိုး လီးဖဲမ်းမလီတို့ဖြစ်ပြီး (၁၈၉၇) ခုနှစ်မှ (၁၉၅၇) အထိလမ်းညွှန်အုပ်ချုပ်ခဲ့ပါသည်။ ထိုအချိန်၌အထိက တမန်တော်လုပ်ငန်းများမှာ ဘာသာသူများ စက္ကရင်မင်းတူး ထိုက်တန်စွာခံယူနိုင်ရန် ဘုရားစကားသင်ပေးခြင်း၊ မူလတန်းမှ အထက်တန်းထိစာသင် ကျောင်းများဖွင့်ပြီး စာသင်ပေးခြင်း ဆေးပေးခန်းများဖွင့်ပြီး ခိုကိုးရာမဲ့ လူနာများကိုကြည့်ရှု့ခြင်း၊ သာသနာနယ်လှည့်ခြင်းတို့ကို အဓိကလုပ်ဆောင်ပါသည်။ 
         ပထမကမ္ဘာစစ်ပြီးသည့်နောက် (၁၉၂၀) ခုနှစ်သို့ရောက်သောအခါ ဆရာတော်ကြီး အလက်ဇန္ဇားသည် ကျန်းမာရေးချို့တဲ့လာပြီး အမြင်အာရုံလုံးဝကွယ်ပျောက်သွားခဲ့သည်။ ထို့ကြောင့် ခန်းနားကြီးကျယ်သောဝတ်ပြုကိုးကွယ်ခြင်း အခန်းအနားများ၌သာ ပါဝင်နိုင်တော့သည်။ (၁၉၂၅) ခုနှစ်တွင် ရဟန်းဝါတော်နှစ် ၅၀ ပြည့် ရွှေဂျူဘီလီကိုကျင်းပခဲ့ပါသည်။ ကျန်းမာရေးအချေအနေပိုမိုဆိုးရွားလာကာ (၁၉၂၅) ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင်ပျံလွန်တော်မူခဲ့ပါသည်။
         ဆရာတော်ကြီးကာဒိုးကို မော်လမြိုင်သားအစစ်ဟုပင်ခေါ်ဝေါ်နိုင်ပေသည်။ မြန်မာပြည်သို့ ရောက်သည့်အချိန်မှစ၍ (၁၄) နှစ်တိုင် ကျောင်းထိုင်ရဟန်းတာဝန်ယူခဲ့ပြီး ဆရာတော်အဖြစ် (၃၆) နှစ်အမှုတော်ထမ်းဆောင်ခဲ့သည်။ သူ၏ဘဝအသက်တာတွင် မော်လမြိုင်တွင် ပထမဦးဆုံးခြေလှမ်းစတင်ခဲ့ပြီး မော်လမြိုင်၌ပင်ပျံလွန်တော်မူခဲ့ပါသည်။ သူ၏အလိုဆန္ဒအရ နှစ်ပေါင်းများစွာ အမှုတော်ထမ်းဆောင်ခဲ့သော စိန့်ပက်ထရိတ် ဘုရားကျောင်းကြီးတွင် ဂူသွင်းသင်္ဂြိုလ်ခဲ့ပါသည်။ သူသေတမ်းစာတွင် ရေးသားခဲ့သည်မှာ ကျွန်ုပ်အသက်ရှင်စဉ်အခါ၌ လူသားများကိုသခင်ခရစ်တော်ထံသို့ အတတ်နိုင်ဆုံးပို့ဆောင်ခဲ့ပါသည်။ ကျွန်ုပ်သေဆုံးသောအခါ၌လည်း ဘာသာသူများ ကိုယ်တော်မြတ်ကိုပင့်ယူရန် ကျွန်ုပ်၏ခန္ဓာကိုယ်ပေါ်ရှောက်သွားပြီး ကိုယ်တော်မြတ်ကိုပင့်ယူကြပါစေ။ ကျေးဇူးပြု၍ ကျွန်ုပ်ခန္ဓာအလောင်းကို ကိုယ်တော်မြတ်တန်းသို့သွားရာလမ်း၌ မြှုပ်နှံထားပေးပါရန်တောင်းဆိုပါသည်။” ဟုပါရှိလေသည်။
ဆရာတော်ကြီး အလက်ဇန်းဒါးကာဒိုးပျံလွန်ပြီးသည့်နောက် ဆရာတော်ကြီး ဖိလစ်ပဲရွဲမှဆက်ခံပြီး စိန့်ဖရန်စစ်ဇေးဗီးယား သီလရှင်များကို ဆက်လက်လမ်းညွှန် ဦးဆောင်ပေးခဲ့ပါသည်။
(၁၉၅၈) ခုနှစ် မေလ () ရက်နေ့တွင် စိန့်ဖရန်စစ်ဇေးဗီးယား သီလရှင်ဂိုဏ်း၏ ညီလာခံပွဲကို ကျင်းပခဲ့ရာ မာသာရ်ဖီလိုမီနားက ကထမဦးဆုံးတိုင်းရင်းသူ ဂိုဏ်းဥက္ကဌအဖြစ် ရွေးချယ်ခံရပါသည်။ (၁၉၅၅ မှ ၁၉၆၇) ခုနှစ်အတွင်း သီလရှင်ကျောင်းခွဲပေါင်း(၁၇) ကျောင်းရှိပါသည်။ ရန်ကုန်ဂိုဏ်းချုပ်သာသနာတွင် () ကျောင်း ပုသိမ်ဂိုဏ်းအုပ်သာသနာတွင် (၁၀) ကျောင်းရှိခဲ့ပါသည်။
(၁၉၆၂ နှစ်မှ ၁၉၆၆ ခုနှစ်များတွင် နိုင်ငံခြားသား စိန့်ဂျိုးဇက်သီလရှင်များ ပုသိမ်မှ တဖြည်းဖြည်း ဆုတ်ခွာသွားကြသည် တိုင်းရင်းသူ သီလရှင်အကြီးအကဲများမှာ ယနေ့တိုင်အောင် အသင်းဂိုဏ်းကိုကြည့်ရှု တာဝန်ယူနေကြပါသည်။
၁၉၆၄ ခုနှစ် ဖေဖဝါရီလ ၂၈-ရက်နေ့တွင် ရဟန်းမင်းကြီး ဆဋ္ဌမမြောက် ပေါလူးလက်ထက်၌ စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်ဂိုဏ်းသည် ဆရာတော်လက်အောက်ခံ သီလရှင်ဂိုဏ်းအဖြစ် တရားဝင်သတ်မှတ်ပေးခဲ့ပါသည်။
#တိုင်းရင်းသူသီလရှင်အကြီးအကဲများမှာ-
၁.     မာသာရ် ဖီလိုမီနား        ၁၉၅၇ – ၁၉၆၉
၂.      မာသာရ် ဂျေနိုဗိ           ၁၉၇၀ – ၁၉၈၂
၃.     မာသာရ် အစွမ်းတား      ၁၉၈၃ – ၁၉၉၄
၄.     မာသာရ် မေရီဂျိုးဇက်     ၁၉၉၄ – ၂၀၀၀
၅.     မာသာရ် မာဂရက်မေရီ          ၂၀၀၀ – ၂၀၁၂
၆.     မာသာရ် မာရ်ဆီကော်လက်  ၂၀၁၂ – ၂၀၁၈
၇.     မာသာရ် မာရီးယားကျင်ဌေး   ၂၀၁၈ - (လက်ရှိ)

#စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်ဂိုဏ်း၏ စိတ်ဝိညာဥ်
စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်ဂိုဏ်း၏ ဝိညဉ်တော်ကျေးဇူး Charism မှာ
ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရား၏ပေါင်းစည်းညီညွတ်ခြင်း၌ အမြစ်တွယ်လျှက် အလိုအပ်ဆုံးသောသူတိုင်းအား ဆင်းရဲခြင်းစိတ်ဝိညာဉ်နှင့်အစေခံခြင်းဖြင့် ဧဝံဂေလိတေင်းကောင်းကို သက်သေခံခြင်းဖြစ်သည်။ 

#ရည်မှန်းချက်အမြင်၊ Vision မှာ
ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို လူတိုင်းသိရှိခံစားလျှက် ပြည့်ဝစုံလင်သော လူ့ဘဝအသက်တာသို့

#စေလွတ်ခံတမန်တော်လုပ်ငန်း Mission မှာ
- ဘုရားစကားသင်ခြင်း၊ ဝံဂေလိသတင်းကောင်းကိုဟောပြောခြင်းဖြင့် လူသားများ၏ ယုံကြည်ခြင်းကို တိုးပွားစေခြင်း။
- ဘက်စုံပညာသင်ကြားပေးခြင်းဖြင့် လူသားတို့၏ဘဝကို မြှင့်တင်ပေးခြင်း။
- အဖွဲ့အစည်းထဲ၌ ယုံကြည်ခြင်းနှင့် ဘဝအတွေ့အကြုံများ ဝေမျှခြင်း၊ ပုံမှန် Community meeting ပြုလုပ်ခြင်း။
- Community အတွင်း၌ပင်ကိုယ်စွမ်းရည်နှင့် အတတ်ပညာပိုင်းဆိုင်ရာ တိုးတက်မြင့် မားလာစေရန် အားပေးကူညီခြင်းတို့ဖြင့် အဖွဲ့အစည်း Community ထဲ၌ ဆက်ဆံရေး ပိုမိုဖွံဖြိုးတိုးတက်လာစေခြင်း။

#အသင်းဂိုဏ်း၏ ဆောင်ပုဒ်မှာ- “Sentire Cum Ecclesia အသင်းတော်နှင့် တစ်လုံးတစ်ဝတည်းရှိခြင်း။

#အသင်းဂိုဏ်၏ဝိညာဉ်ရေး လမ်းစဉ်မှာ -
- လိုဂိုတံစိတ် တွင်ပါရှိသည့်အတိုင်း ကျောက်ဆူးပေါ်တွင် မီးလျှာထွန်းလင်းနေသည်။
- ကျောက်ဆူး၏ အဓိပ္ပါယ်မှာ သီလရှင်များ ခိုင်မာသောယုံကြည်ခြင်းဖြင့် ဘုရားသခင်နှင့် ပေါင်းစပ်ခြင်းကို ရည်ညွန်းးပါသည်။
- မီးရောင်၏ အဓိပ္ပါယ်မှာ သခင်ယေဇူးနှင့် သီလရှင်များကို ရည်ညွန်းပါသည်။ သခင်ယေဇူးသည် သီလရှင်များ ၏အလင်းဖြစ်သကဲ့သို့ သီလရှင်များသည်လည်း လောကကို အလင်းပေးသူများဖြစ်ကြောင်း ဖော်ဆောင်ထားပါသည်။
အသင်းဂိုဏ်းကို အလွန်စင်ကြယ် သောမယ်တော်၏နှလုံးတော်ထံ အပ်နှံထားပြီး၊ အမိမယ်တော်သည် ဆုတောင်ခြင်း၊ ဘုရားသခင်နှင့်ပေါင်းစပ်ခြင်း၌ သီလရှင်များအား လမ်းပြဦးဆောင်သူဖြစ်သည်။
သာသနာပြုရာ၌ စိတ်အားထက်သန်လှသော သူတော်မြတ်စိန့်ဖရန်စစ်ဇေးဗီးယားသည် အသင်းဂိုဏ်းကိုကာကွယ်စောင့်ရှောင့်ပေးသူဖြစ်ပြီး၊ စိန့်ဖရန်စစ်ဇေးဗီးယား၏ ထူးခြားသောစိတ်ဓါတ်ဖြစ်သည့် ဘုရားကိုချစ်ခြင်း လူသားများကိုချစ်ခြင်း စိတ်ဓါတ်ကို အတုယူကာ ဘဝကိုဆက်ကပ်ပူဇော်ကြပါသည်။ 

#စိန်ဖရန်စစ်ဇေးဗီးယားသီလရှင်ဂိုဏ်း၏ အဓိကတမန်တော်လုပ်ငန်းများမှာ-
၁။ ဘာသာသူများ စက္ကရာမင်တူးကို ထိုက်တန်စွာ ခံယူနိုင်စေရန် ဘုရားစကား အယူဝါဒသင်ကြားပေးခြင်း။
၂။ မိန်းခလေးဘော်ဒါကျောင်းများ၊ မူကြိုကျောင်းများဖွင့်ပြီး စာရိတ္တထိန်းကျောင်း လမ်းညွန်ပေးခြင်း၊ အခြေခံပညာသင်ပေးခြင်း။
၃။ ဆေးပေးခန်းများဖွင့်လှစ်ကာ ခိုကိုးရာမဲ့ဆင်းရဲသားများအား ဆေးဝါးကုသပေးခြင်း။ ကျေးလက်တောရွာမှ လူနာများအား ဆေးရုံသို့ဆောင်လမ်းညွန်ပေးခြင်း။
၄။ သက်ကြီးရွယ်အို မသန်စွမ်းသူများအား ကြည့်ရှုပြုစုခြင်း။
၅။ သာသနာနယ်လည့်ခြင်း။
၆။ သာသနာပိုင်ဆရာတော်ကြီးများ၏ လမ်းညွန်မှု၌ သာသနာတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို လုပ်ဆောင်ခြင်း စသည်တို့ဖြစ်သည်။
 
#ကနဦးပျိုးထောင်ပုံသွင်းခြင်းကာလ။
၁။ ဝင်လိုသူအဆင့်။
ဤအဆင့်၌ရှိသောမိန်းခလေးများသည်၊ အစိုးရကျောင်းများ၌ တက္ကသိုလ်ပညာရပ်များကို ည်းပူးရင်း၊ သီလရှင်အသင်းဂိုဏ်းနှင့် သီလရှင်ဘဝကို လေ့လာနေသော မိန်းခလေးများဖြစ်သည်။

၂။ အကြိုတောင်းခံသူအဆင့်။
ဤအဆင့်တွင် လောကီပညာရပ်များထက် အခြေခံဓမ္မင်္သဂြိုလ်ပညာ၊ ဝိညာဉ်ရေးဆိုင်ရာ ပညာရပ်များ၊ ဝိညာဉ်ရေးလေ့ကျင့်ခန်းများ၊ သီလရှင်ဘဝနှင့်ဆိုင်သော ပညာရပ်များ၊ ကျင့်စဉ်များ၊ အထူးသဖြင့် စိန့်ဖရန်စစ်ဇေးဗီးယား သီလရှင်များ၏ ကျင့်စဉ်များကို သင်ကြားပေးပါသည်။ အချိန်ကာလမှာ (၁)နှစ် မှ (၂)နှစ် ထိဖြစ်ပါသည်။

၃။ တောင်းခံသူအဆင့်။
ဤအဆင့်တွင် အခြေခံဓမ္မင်္သဂြိုလ်ပညာရပ်များကို ဆက်လက်သင်ကြားခြင်း၊ စိန့်ဖရန်စစ်ဇေးဗီးယား သီလရှင်အသင်းဂိုဏ်း၏ အခြေခံဥပဒေ၊ အတူတကွနေထိုင်ခြင်းအသက်တာ၊ မိမိဘဝခေါ်တော်မူခြင်းအသက်တာကို လေးနက်စွာစစ်ဆေးထောက်ရှုခြင်းများကို သင်ယူလေ့ကျင့်ရပါသည်။
ဤအဆင့်တွင် (၁)နှစ်ဖြစ်သည်၊ လိုအပ်ပါက ၆-လ ဆက်နေနိုင်သည်။

၄။ သီလရှင်လောင်းအဆင့်။

သီလရှင်လောင်းအဆင့်သည် ၂-နှစ်ကြာပြီး၊ သီလရှင်တို့၏ ကျင့်စဉ်ကတိသစ္စာ သုံးပါးအကြောင်း၊ သီလရှင်ဂိုဏ်း၏ အခြေခံဥပဒေအကြောင်း၊ ဆုတောင်းခြင်း အသက်တာအကြောင်း၊ အတူတကွနေထိုင်ခြင်းအသက်တာအကြောင်း၊ အသင်းဂိုဏ်၏မန်တော်လုပ်ငန်းအကြောင်း သင်ကြားပေးပါသည်။ ပထမနှစ်သီလရှင်လောင်းများကို အနည်းဆုံး (၂) ကျောင်းခွဲများသို့ပို့ပြီး အတွေ့အကြုံယူစေပါသည်။

#အသင်းဂိုဏ်း၏စာရင်းမှတ်တမ်း (၂၀၂၁)
၁။ သီလရှင်စုစုပေါင်း ။                           ၄၅၀ – ပါး
၂။ ရာသက်ပန်သစ္စာပြုပြီးသီလရှင်များ။   ၃၇၉ – ပါး
၃။  ယာယီ သစ္စာပြုပြီးသီလရှင်များ။           ၇၁ – ပါး
၄။ ဒုတိယနှစ်သီလရှင်လောင်းများ။              ၈ဦး။
၅။ ပထမနှစ် သီလရှင်လောင်းများ။               ၃ဦး။
၆။ တောင်းခံသူ                                           ၆ဦး
၇။ အကြိုတောင်းခံသူ                                  ၆ – ဦး။
၈။ ဝင်လိုသူ                                              ၃၁ – ဦး

#မွမ်းမံသင်တန်းများ။
ရန်ကုန် CRCM အဖွဲ့နှင့်ပူးတွဲပြီး၊ နှစ်စဉ်သီလရှင် အကြီးအငယ်များအတွက် မွမ်းမံသင်တန်းများ ပြုလုပ်ပေးနေပါသည်။ နှစ်စဉ် နှစ်ပတ်လည် ဝတ်မစောင့်မှီ ၃-ရက် မွမ်းမံသင်တန်း ပြုလုပ်ပေးပါသည်။ ရာသက်ပန် သစ္စာပြုမည့်သီလရှင်များအတွက် ၄-လ မွမ်းမံသင်တန်းပြုလုပ်ပေးပါသည်။ မိမိတို့ တာဝန်ထမ်းဆောင် နေသော သာသနာ၌လည်း ဝိညာဉ်ရေး ၊ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးး ဆိုင်ရာသင်တန်း အတွေ့အကြုံများ ရယူနေကြပါသည်။


The arrival of the Society of Foreign Mission of Paris (MEP) to Myanmar in 1856 was a blessing for both country and Catholic Mission in Myanmar. Bishop Alexander Cardot who has become the founder of the Congregation of SFX Sisters was one of the missionaries sent by Missions Etrangeres de Paris (MEP).  Born in January 10, 1857, in Besancon, France, Bishop Alexander Cardot was a zealous MEP missionary and a man of deep contemplative nature. At the age of 18, he entered the Seminaire de Missions Etrangeres de Paris ( MEP). He was ordained on September 20, 1879, and sent to be a missionary in the Church of Myanmar in November of that year.  He was consecrated as Bishop of the Southern part of Myanmar in 1894, succeeding the Great Bishop Ambrose Bigandet who passed away in advanced age,  in 1892 in Yangon.  

Bishop Alexander Cardot fully understood that educating the people was not only propagating the faith but also raising the whole life of the people to the fullness of life. With this in mind, he founded the Congregation of the Sisters of St. Francis Xavier in 1897 on August 26, placing it under the patronage of St. Francis Xavier, the great missionary of Asia. The mission of the newly established Congregation is dedicated to preaching, teaching, providing humble and loving services according to the needs of the Church in Myanmar.

SFX Sisters are also known as an Apostolic Religious Congregation in the Diocese of Pathein, Myanmar. Today the Congregation is increasing in number which now counts 432 Sisters both perpetual and temporal professed.  The Sisters are currently working in 13 Dioceses out of 16 Dioceses in Myanmar. The Congregation has in total 110 houses both in-country and out country ( in Myanmar, the Philippines, the United States, Italy, Thailand, and India).

The spirituality of the Congregation is expressed in the Logo of the Congregation which was composed of an anchor with a burning light on its top. The anchor symbolizes the contemplative dimension of the Congregation. The Anchor symbolizes Faith. The Light symbolizes Jesus, the Light of the world. The Chain that attaches the anchor symbolizes the unity in Jesus with the Sister. The Sisters’ Faith is to be deepened in the Lord Jesus in order to share His Compassion with others by their loving witness to the Gospel.

The Sisters of St. Francis Xavier are called to be the light of Faith making God’s loving presence felt among people through their humble and loving services according to the needs of the Church in its mission. As Jesus is the Light of the world who enlightens and guides the Sisters, they, in turn, must be the light for others.

Being Poor in Spirit and Serving the Most Needy

God’s presence is known and felt by uplifting the dignity of all people.

Deepening the experience of God in the Consecrated Religious Life.

Sharing the love of God both in Social and Pastoral works.

Strengthening the community life by promoting Congregational Governance’s capacity in accordance with signs of the time.

email: st.francisxaviersrs@gmail.com

SISTER OF ST.FRANCIS XAVIER

St. Peter's Cathedral, Mingyi Road, Pathein, 10011, Ayeyarwaddy Region, Myanmar

Phone: +95 042 24866

Email: st.francisxaviersrs@gmail.com

စိန်ဖရန်စစ်ဇေးဗီးယားသီလရှင်ဂိုဏ်း

စိန်ပီတာဘုရားကျောင်းဝန်း၊ မင်းကြီးလမ်း၊ ပုသိမ်မြို့၊ ၁၀၀၁၁၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာ

ဖုန်း +၉၅ ၀၄၂ ၂၄၈၆၆


Untitled Document
Total viewer: 346099